"မ" ဟူသော ဘုရားရှင် ပဋိသန္ဓေယူတော်မူသော ကြာသပတေးအခါ"
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။
အရဟံ သိဒ္ဓိ။
*ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် တုသိတာ နတ်ပြည်၌ သေတကေတု မည်သော နတ်သားဖြစ်ခဲ့လေသည်။
နတ်သားဖြစ်စဉ် စက်ြာဝဠာတိုက်တစ်သောင်းမှ နတ် ဗြဟ္မာအပေါင်းတို့က "ဘုရားဖြစ်ချိန်တန်ပါပြီ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြလေသည်။
သို့ဖြစ်၍ ဘုရားအလောင်းတော်သည် ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု ၊ဝါဆိုလပြည့်၊ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီးမယ်တော်မာယာဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်တော် မူလေသည်။
ဤသည်ကို လယ်တီဆရာတော်ဘုရားကဤသို့စပ်ဆိုပူဇော်ခဲ့လေသည်။
" သုံးလူ့ရှင်ပင်၊ကျွန့်ထိပ်တင်၊သောင်းခွင်
စက်ြာဝဠာ၊နတ် ဗြဟ္မာတို့၊ညီညာရုံးစု၊တောင်းပန်မှုကြောင့် ရတုနဂို၊ရွှန်းရွှန်းစိုသည်၊ဝါဆိုလပြည့်၊ကြွက်မင်းနေ့ဝယ်၊ချမ်းမြေ့ကြည်ဖြူ၊သန္ဓေယူသည်။ ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။"
----------------------------------
ဗုဒ္ဓဝင်၏ပကတိဖြစ်စဉ်ကို လေ့လာလျှင်
- ဘုရားသာသနာတစ်ခုစတင်ရန် သန္ဓေတည်ခြင်း။
- နတ်ဗြဟ္မာအပေါင်းကတောင်းပန်၍နတ်ပြည်မှလူ့ပြည်သို့ကောင်းသောလာခြင်း။ဖြစ်ပေသည်။
-----------------
လူများအတွက်စဉ်းစားယူဆမည်ဆိုလျှင်....
၂
၆
၃
---
၅
----
၁
၄
၀
- မိသားစု၊ဆွေမျိုး၊မိတ်ဆွေ ပတ်ဝန်းကျင် ၏ တိုက်တွန်း လှုံ့ဆော်မှုကြောင့် မြင့်သောနေရာမှ နိမ့်သောနေရာသို့ ကျဆင်းရခြင်း။
- လုပ်ငန်းများပြောင်းလဲလုပ်ဆောင်ရန်စတင်ခြင်း။
- လုပ်ငန်းစတင်ခြင်း။
- အကျပ်အတည်းထဲကျရောက်ခြင်း။
- ကိုယ်ဝန်ကိစ္စ၊ စေ့စပ်ညှိနှိုင်းရေး ကိစ္စ၊
- ဝမ်း၊ရင်ဥပါဒ်ဖြစ်ခြင်း။ အစားအသောက်ပျက်ခြင်း
-ခရီးထွက်ရန်မသင့်တော် အသွားမတော်တစ်လှမ်းဆိုသကဲ့သို့ ဖြစ်တတ်ချေ၏။
- အထူးသဖြင့် မိသားစု၊မိတ်ဆွေအပေါင်းအသင်း တို့၏မြှောက်ပေးမှုကိုနားယောက်မိခြင်း ကြောင့် အကျပ်အတည်းကျရောက်တတ်သောအခါဖြစ်လေသည်။
-----------------------
- ဟောပြောရာတွင် အခါ ကိုဆုံးဖြတ်ပြီးသည်နှင့်
နံတော်စဉ်ဟောကိန်း ကို ပထမဦးစွာ ရယူ၍ အခါတိုင်တို့၏သဘော နှင့် ညှိနှိုင်းချင့်ချိန် ဆုံးဖြတ်ကြပါလေ။
အားလုံးအဆင်ပြေကြပါစေ။
ကျန်းမာကြပါစေ။
မေတ္တာဖြင့် - ဦးအေးမင်း (အေးချမ်းသူတို့ဆုံရာမြေ)

Post a Comment