ပျော်ရွှင် ချမ်းမြေ့ လိုရာဆန္ဒ ပြည့် ပါစေ။

ယနေ့တင်ခဲ့သော

Latest Post

နံတော်စဉ်ဟောနည်း(၂)

Written By Live100 on Tuesday, September 24, 2024 | 7:52 PM

 


နံတော်စဉ်ဟောနည်း(၂)

"သိ" ဟူသော ဘုရားရှင် ဖွားမြင်တော်မူသော သော ကြာအခါ"

- အလောင်းတော်၏ပဋိသန္ဓေရင့်မာချိန်ဝယ်မယ်တော်မာယာသည်၊သူ၏ညီမတော်ဂေါတမီ၊အ‌ ခြွေရံများနှင့်အတူ ကပိလဝတ်ပြည်မှ သူ၏မိသားစု‌ ဆွေမျိုးရှိရာရှိရာ ဒေဝဒဟပြည်သို့ ခရီးရှည်ထွက်လာခဲ့သည်။

- ဒေဝဒဟပြည်သို့မရောက်မီ လမ်းခုလတ်ဖြစ်သော လုမ္ဗိနီအင်ကြင်းတောသို့ရောက်ချိန် ၊မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်လျက် 

၃၂ ပါးသောလက္ခဏာတော်ကြီး၊ ၈ဝသော လက္ခဏာတော်ငယ်တို့နှင့်ပြည့်စုံသော အလောင်းတော်မင်းသားသည် သွေးများ လိမ်းကျံရစ်ထွေး ညစ်ကြေးသမ်းမို့ခြင်းမရှိ၊ ပကတိသွန်းသစ်သောဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ စင်ကြယ်စွာ ဖွားမြင်တော်မူလာသည်။

- ထိုနောက်အလောင်းတော်သည် အရှေ့အရပ်မှမြောက်သို့လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တန့်ပြီးလျှင်·

အဂ္ဂေါ ဟ မသ္မိ လောကဿ၊

ဇေဋ္ဌော ဟ မသ္မိ လောကဿ

သေဋ္ဌော ဟ မသ္မိ လောကဿ၊

ဟူ၍သုံးခွန်းသောစကားဖြင့် ကြုံးဝါးတော်မူလေသည်။

အလောင်းတော်မင်းသားကိုဖွားမြင်ပြီးသည့်နောက် ငါးရက်မြောက်နေ့၌ အမည်မှည့်ရန်ရွေးချယ်ကြရာ အလုံးစုံသောလူနတ်တို့၏အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်ရကား "သိဒ္ဓတ္ထကုမာရ"ဟူ၍အမည် မှည့်၏။ ခုနစ်ရက်မြောက်သောနေ့၌ကား မယ်တော်သိရီမဟာမာယာမိဖုရားသည်ကံ‌တော်ကုန်၍  တုသိတာနတ်ပြည်ဝယ် သန္တုဿိတအမည်ရှိသောနတ်မင်းဖြစ်လေသည်။

မယ်တော် နတ်ရွာစံခဲ့သော် မိထွေးတော် မဟာပဇာပတိဂေါတမီ မိဖုရားသည် သားတော်နန္ဒမင်းသားကို နို့ထိန်းတို့အားအပ်၍ အလောင်းမင်းသားကိုကိုယ်တိုင်နို့တိုက်၍ မွေးမြူတော်မူလေသည်။

--------------------------------------

လယ်တီဆရာတော်ဘုရားက အလောင်းတော်ဖွားမြင်မူသော နေ့ကို ......

- သန္ဓေယူခါ၊ဆယ်လကြာသော်၊မဟာသက္ကရာဇ်၊ခြောက်ဆယ့်ရှစ်ကြုံ၊ကဆုန်လပြည့်၊သောကြာနေ့ဝယ်၊ချမ်းမြေ့စုံစီ၊လုမ္ဗိနီ၌၊မဟီ လှိုက်ဆူ၊ဘွားတော်မူသည်။    ။ နတ် လူအောင်မြို့ လမ်းပါကို။ 

ဟုစပ်ဆို ပူဇော်ခဲ့လေ၏။

----------------------------------------

ဗုဒ္ဓဝင်ဖြစ်စဉ်တွင်....

- မယ်တော်နှင့်အခြွေအရံများ ခရီးထွက်သည်။ လမ်းခုလတ်တွေင် အလောင်းတော်မင်းသားကိုဖွားမြင်သည်။

- အလောင်းတော်မင်းသားသည် ဖွားလျှင်ဖွားခြင်း ခြေလှမ်း(၇)လှမ်း၍ရပ်ကာ"ငါသည်လူအပေါင်းတို့ထက်အမျိုးအားဖြင့် မြတ်၏။ငါသည်လောကသုံးပါးထက်ကြီး၏။ငါသည်လူသုံးပါးတို့ထက်အထူးသဖြင့်ချီးမွမ်းအပ်၏ဟုကြုံးဝါး‌၏။

ဆိုလိုသည်မှာ'ငါသည်လောက၌ကြီးမြတ်ဆုံး"ဟုကြုံးဝါးသည်။

-အလောင်းတော်မင်းသားကိုဖွားမြင်ပြီး (၇)ရက်မြောက်သောနေ့ဝယ် မယ်တော် ကံတော်ကုန်၍ နတ်ရွာစံသည်။ 

- မိထွေးတော်လက်ထဲတွင်ကြီးပြင်းခဲ့ရသည်။

- ဘုရားရှင်မွေးဖွားလာခြင်းသည် လောကသုံးပါးစလုံးရှိသတ္တဝါအနန္တကိုတရားရေအေးအမြိုက်ဆေးတိုက်ကျွေး၍ ငြိမ်းချမ်းရေးတရားရရှိစေဖို့ ကြွရောက်တော်မူလာခြင်းပင်ဖြစ်ပေတော့သည်။

-------------------------------

သောကြာအခါ တွင်၊သာမာန်လူသားများအတွက်မူကား.....

---

----

- ခရီးထွက်ခြင်းကိစ္စ။ခရီးထွက်ရင်းလမ်းမှာအောင်မြင်တစ်ခုရမယ်။သို့သော် ကိုယ်တိုင်မခံစားလိုက်ရသောအခြေအနေ။

- သွားလိုသည့်နေရာသို့ဆိုက်ဆိုက်မြိုက်မြိုက်မရောက်ဘဲလှည့်ပြန်လာရတတ်ခြင်း။

- လုပ်ငန်းများတစ်ပိုင်းတစ နှင့်ရပ်နားရခြင်း။

- ခရီးသွားရင်းသွေးထွက်သံယိုဖြစ်ခြင်း။

- အမိ၊အဖွား၊အမိနှင့်တူသောအမျိုးသမီးအကြီးအကဲကျန်းမာရေးညံ့ခြင်း။

- မိမိလုပ်သမျှအကျိုးမခံစားရဘဲ တခြားသူတဦးကခံစားရခြင်း။

- မိထွေးများနှင့်နေရသူများဖြစ်ခြင်း။

- ဝမ်းဗိုက်တွင်းအနာရခြင်း။

- အထူးသဖြင့် ဗေဒင်၊ဘာသာရေးလိုက်စားနေသူများဖြစ်လျှင်မိမိတတ်သည့်ပညာ၊အလုပ်ထက်ပိုပြီးကြွားဝါစွာပြောဆိုတတ်သူများ ကိုတွေ့ကြုံတတ်လေသော အခါဖြစ်ပေတော့သည်။

----------------------------

- ဟောပြောရာတွင် အခါ ကိုဆုံးဖြတ်ပြီးသည်နှင့်

 နံတော်စဉ်ဟောကိန်း ကို ပထမဦးစွာ ရယူ၍ အခါတိုင်တို့၏သဘော နှင့် ညှိနှိုင်းချင့်ချိန် ဆုံးဖြတ်ကြပါလေ။

အားလုံးအဆင်ပြေကြပါစေ။

ကျန်းမာကြပါစေ။

မေတ္တာဖြင့် - ဦးအေးမင်း(အေးချမ်းသူတို့ဆုံရာမြေ)

နံတော်စဉ်ဟောနည်း(၁)


 "မ" ဟူသော ဘုရားရှင် ပဋိသန္ဓေယူတော်မူသော ကြာသပတေးအခါ"

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

အရဟံ သိဒ္ဓိ။

*ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် တုသိတာ နတ်ပြည်၌ သေတကေတု မည်သော နတ်သားဖြစ်ခဲ့လေသည်။

နတ်သားဖြစ်စဉ် စက်ြာဝဠာတိုက်တစ်သောင်းမှ နတ် ဗြဟ္မာအပေါင်းတို့က "ဘုရားဖြစ်ချိန်တန်ပါပြီ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြလေသည်။

သို့ဖြစ်၍ ဘုရားအလောင်းတော်သည် ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု ၊ဝါဆိုလပြည့်၊ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သု‌ဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီးမယ်တော်မာယာဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်တော်‌ မူလေသည်။

ဤသည်ကို လယ်တီဆရာတော်ဘုရားကဤသို့စပ်ဆိုပူဇော်ခဲ့လေသည်။

" သုံးလူ့ရှင်ပင်၊ကျွန့်ထိပ်တင်၊သောင်းခွင်

စက်ြာဝဠာ၊နတ် ဗြဟ္မာတို့၊ညီညာရုံးစု၊တောင်းပန်မှုကြောင့် ရတုနဂို၊ရွှန်းရွှန်းစိုသည်၊ဝါဆိုလပြည့်၊ကြွက်မင်းနေ့ဝယ်၊ချမ်းမြေ့ကြည်ဖြူ၊သန္ဓေယူသည်။  ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။"

----------------------------------

ဗုဒ္ဓဝင်၏ပကတိဖြစ်စဉ်ကို လေ့လာလျှင် 

- ဘုရားသာသနာတစ်ခုစတင်ရန် သန္ဓေတည်ခြင်း။ 

- နတ်ဗြဟ္မာအပေါင်းကတောင်းပန်၍နတ်ပြည်မှလူ့ပြည်သို့ကောင်းသောလာခြင်း။ဖြစ်ပေသည်။

-----------------

လူများအတွက်စဉ်းစားယူဆမည်ဆိုလျှင်....

---

----

- မိသားစု၊ဆွေမျိုး၊မိတ်ဆွေ ပတ်ဝန်းကျင် ၏ တိုက်တွန်း လှုံ့ဆော်မှုကြောင့် မြင့်သောနေရာမှ နိမ့်သောနေရာသို့ ကျဆင်းရခြင်း။

- လုပ်ငန်းများပြောင်းလဲလုပ်ဆောင်ရန်စတင်ခြင်း။

- လုပ်ငန်းစတင်ခြင်း။

- အကျပ်အတည်းထဲကျရောက်ခြင်း။

- ကိုယ်ဝန်ကိစ္စ၊ စေ့စပ်ညှိနှိုင်း‌ရေး ကိစ္စ၊

- ဝမ်း၊ရင်ဥပါဒ်ဖြစ်ခြင်း။ အစားအသောက်ပျက်ခြင်း 

-ခရီးထွက်ရန်မသင့်တော် အသွားမတော်တစ်လှမ်းဆိုသကဲ့သို့ ဖြစ်တတ်ချေ၏။

- အထူးသဖြင့် မိသားစု၊မိတ်ဆွေအပေါင်းအသင်း တို့၏မြှောက်ပေးမှုကိုနား‌ယောက်မိခြင်း ကြောင့် အကျပ်အတည်းကျရောက်တတ်သောအခါဖြစ်လေသည်။

-----------------------

- ဟောပြောရာတွင် အခါ ကိုဆုံးဖြတ်ပြီးသည်နှင့်

 နံတော်စဉ်ဟောကိန်း ကို ပထမဦးစွာ ရယူ၍ အခါတိုင်တို့၏သဘော နှင့် ညှိနှိုင်းချင့်ချိန် ဆုံးဖြတ်ကြပါလေ။

အားလုံးအဆင်ပြေကြပါစေ။

ကျန်းမာကြပါစေ။

မေတ္တာဖြင့် - ဦးအေးမင်း (အေးချမ်းသူတို့ဆုံရာမြေ)

ကွန်ပြူတာသုံးအင်္ဂဝိဇ္ဇာပရိုဂမ်မိတ်ဆက်

 ကွန်ပြူတာသုံးအင်္ဂဝိဇ္ဇာပရိုဂမ်ကိုဝယ်ယူလိုပါလျှင် Viber Ph: 09697609034 သို့ဆက်သွယ်မှာယူပါ။



ထားဝယ်ပါတီ ဥက္ကဋ္ဌ ဦးအေးမင်း ၏ MRTV မှ ပြည်သူသို့ပြောကြားချက်

Written By Live100 on Sunday, March 20, 2016 | 1:21 AM



 
Support : Copyright © 2011. ဦးအေးမင်း(အေးချမ်းသူတို့ဆုံရာမြေ) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger